ကျွန်တော်နှင့်ခရီးသွားများ
Tuesday, August 19, 2014
ပန်ကန်ကို ပြောင်အောင် စားခြင်းဟာ စွန္နသ်ဖြစ်တယ်။
ဟဇရသ် ဂျာဗီရ် (رَضِيَ اللهُ عَنْهُ) သခင် ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (صَلَّي اللهُ عَلَيْهِ وَسَلَّمْ) ကိုယ်တော်သည်
အစားအစာ စားသောအခါ လက်ချောင်းများကို စုပ်ရန်။
ပန်ကန်ကို ပြောင်အောင်စားရန် အမိန့်ပေးခဲ့ပါတယ်။
ဆက်လက် အမိန့်ရှိတယ်
အသင်တို့ သိရှိနိုင်မည်မဟုတ်။
ဘယ်အစားအသောက်ရဲ့ အထဲမှာ ဗရ်ကသ်ရှိတယ် ဆိုတာကို။

မွတ်စလင်မ်တစ်ဦး၏အရှက်သိက္ခာကိုဖုံးအုပ်ပေးခြင်း
တမန်တော်မြတ် (صَلَّي اللهُ عَلَيْهِ وَسَلَّمْ) ကိုယ်တော် အမိန့်ရှိသည်။
အကြင်သူ တစ်ဦးတယောက်ဟာ မွတ်စလင်မ် တစ်ဦးတစ်ယောက်ရဲ့ အရှက် သိက္ခာတရားကို ဖုံးအုပ်ပေးခဲ့မယ်ဆိုလျှင် အလ္လာဟ် (سُبْحَانَه وَتَعَالى) ကလည်း ကေယာမသ်နေ့မှာ ထိုသူ့ရဲ့.အရှက် သိက္ခာတရားကို ဖုံးအုပ်ပေးမှာဖြစ်ပါတယ်။
အကြင်သူဟာ မွတ်စလင်မ်တစ်ဦးရဲ့ အရှက်သိက္ခာကို
ဖော်ထုတ်မယ်ဆိုလျှင် အလ္လာဟ် (سُبْحَانَه وَتَعَالى) ကလည်း ထိုသူ့ကို အရှက်တကွဲ အကျိုးနည်းဖြစ်စေမယ်။
အိမ်၌ ထိုင်းနေရင်းလည်းဘဲ ထိုသူ့ကို အရှက်တကွဲ အကျိုးနည်းဖြစ်စေမယ်။

အမှားဝန်ချသောင်ဗဟ်ပြု ခြင်း။
အမှားဝန်ချ သောင်ဗဟ်ပြု ခြင်းအား လက်ခံသည့် ကြီးမားသော နမိတ်လက္ခဏာမှာ
လူသားဟာ သူရဲ့နှလုံးသားက ဂိုနာဟ် ကျူးလွန်ချင်စိတ်ကနေ ဖယ်ရှောင်သွားတယ်။
(၅) မျိုးသောအမှောင်နှင့် (၅) မျိုးသောလင်းဝင်းမှု။
ဒွန္နယာ လောကီဟာ အအ်မလ် လုပ်ရမယ့် နေရာဌာန။
အာခေရသ် လောကုတ္တရာဟာ အစားရမယ့် နေရာဌာန။
ပထမခလီဖဟ် မုအ်မီင်န်တို့ရဲ့ ခေါင်းဆောင် ဟဇရသ် အဘှူဗကရ် ဆီဒီက်
(رَضِيَ اللهُ عَنْهُ) သခင် အမိန့်ရှိတယ်။
အမှောင် (၅) ခု ရှိသလို အလင်း (၅) ခု ရှိတယ်။
၁။ ဒွန္နယာလောကီရဲ့ ချစ်ခင်မှုဟာ အမှောင်ဖြစ်သလို
သက္ကဝါ ရှောင်ကြဉ်မှု တရားဟာ အလင်းဖြစ်တယ်။
၂။ ဂိုနဟ် အကုသိုလ်ဟာ အမှောင်ဖြစ်သလို
သောင်ဗဟ် ဝန်ချတောင်းပန်ခြင်းဟာ အလင်းဖြစ်တယ်။
၃။ ကဗရ်ဟာ အမှောင်ဖြစ်သလို
ကလေမဟ် တွိုင်ယေဗဟ် လာအေလားဟ၊ အီလ်လလ်လားဟ် ဟာ အလင်းဖြစ်တယ်။
၎။ ပွရ်ဆေရသ် တံတားဟာ အမှောင်ဖြစ်သလို
ယကီင်န် ယုံကြည်မှုဟာ အလင်းဖြစ်တယ်။
၅။ အာခေရသ် တမလွန်ဘဝဟာ အမှောင်ဖြစ်သလို
ကောင်းသော အအ်မလ်ဟာ အလင်းဖြစ်တယ်။

Monday, August 18, 2014
Subscribe to:
Posts (Atom)